နေပြည်တော်၊ ဧပြီ ၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော် ကောင်စီနယ် မြေအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အဦ များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းဆောင် ရွက်လျက်ရှိသည့် ရေလွှဲဆည်နှင့်တမံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၊ သဇင်လမ်းနှင့် မြစ်မခလမ်းထောင့်ရှိ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း ရုံး(MCI)သို့ သွားရောက်၍ အဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်အတွင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေး သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တမံ ငလျင်ဒဏ်ကြောင့် တမံများ ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် သိရှိလိုသည်များမေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။ အဆိုပါ ရန်အောင်မြင်တမံသည် မြို့ရေပေးဝေရေးတစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးနေသည့် မြေသားတမံအမျိုးအစား ဖြစ်ပြီး တမံအမြင့် ၃၆ ပေ၊ တမံအလျား ၄၀၆၀ ပေ၊ ရေဆင်းဧရိယာမှာ ၁၁ စတုရန်းမိုင် ရှိပြီး ကုန်းကျောတမံ၏ ကန်ရေအပြည့် အမှတ် Full Tank Level အထက်တွင် မြေသားပေ ၃ ပေမှာမြေငလျင်ဒဏ် ကြောင့် မြေသားများကျိုးပြတ်ပြိုကျအက်ကွဲမှု (Failure) ဖြစ်ပေါ်လျက်ရှိသဖြင့် သက်ဆိုင်ရာမှ ယာယီရေတာတမံအဖြစ် အဆိုပါရေတား တမံ၏အောက်တွင် ကုန်းကျောတမံအသစ် တစ်ခုတည်ဆောက်ကာ ဒုတိယကုန်းကျောတမံနေရာတွင် တာထောက်၍ တာပြန်ဖို့ခြင်း လုပ်ငန်းများအား ပြန်လည် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တမံကျိုးပေါက် နိုင်မှု အန္တရာယ်လုံးဝမရှိကြောင်း စစ်ဆေးတွေ့ရှိပါကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ်ရှိ မြို့ရေပေးဝေရေး အကူဆည်တစ်ခုဖြစ်သည့် ရေငန်းတမံကိုလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ ရေငန်းတမံသည် မြေသားတမံအမျိုးအစားဖြစ်ပြီး တမံအမြင့် ၃၀ ပေ၊ တမံ အလျား ၁၀၀၀ ပေ၊ ရေဆင်းဧရိယာမှာ ၁၂၀၀ ဧက ရှိပြီး တမံ၏ ထိပ်ပြင်အပိုင်းတွင် အက်ကြောင်းများဖြစ်ပေါ်ခြင်း ရေထုတ်ပြွန်အနီး တမံ၏ အပြင်ဘက်အပိုင်းအချို့မှာ ငလျင်ဒဏ်ကြောင့် ကျိုးပြတ်အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တမံအတွင်းမှရေဖိအား လျော့နည်းစေရေး ၄ ပေခန့် ရေထုတ်လျော့ချပြီး ပြုပြင်ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပြီး စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရှိရသည်။
ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ်ရှိ ချောင်းမကြီးရေလောင်တမံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်/တမံဆိုင်ရာအချက် အလက်များ၊ တမံများ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ငလျင်ဒဏ်ကြောင့် တမံပျက်စီးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး ဆည်/တမံများ ကြံ့ခိုင်မှုများအား စနစ်တကျစစ်ဆေးရန်နှင့် လိုအပ်ပါက တမံအောက်ခြေသို့ တပ်မတော်(ရေ)မှ ကျွမ်းကျင်ရေငုပ်စစ်သည်များနှင့် ရေအောက် ကင်မရာများအသုံးပြု၍ စစ်ဆေးခြင်းများ ဆောင်ရွက်ရန်၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းသို့ သောက်သုံရေးများ ဖြန့်ဝေ ပေးသည့် တမံများဖြစ်သည့်အတွက် တမံများကျိုးပေါက်မှုမရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး စနစ်တကျစီမံ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားရှိသည့် ယာယီဆေးရုံ(ပေါင်းလောင်း)၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ငလျင်ဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူများအား သွားရောက်ကြည့်ရှု၍ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ ရောဂါသက်သာပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံ မေးမြန်းကာ အားပေးစကားပြောကြားသည်။
အဆိုပါ ယာယီဆေးရုံ(ပေါင်းလောင်း)ကို တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့မှ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒနှင့် ဓာတ်မှန်ပါရဂူ၊ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ၊ ဆေးမှူးများ၊ သူနာပြု အရာရှိ၊ စစ်သည် များနှင့်အတူ ရွှေ့လျားခွဲစိတ်ကုသယာဉ်၊ ရွှေ့လျားဓာတ်မှန်ရိုက်ယာဉ်များ လိုအပ်သော ဆေးဝါးပစ္စည်းကိရိယာတို့ဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အခြားလူနာများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့/ည မပြတ် ကြပ်မတ်ကုသပေးလျက်ရှိသည်။ ယနေ့အထိ အရေးကြီးလူနာ ၃၆ ဦးနှင့် ပြင်ပလူနာ ၆၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်သည်။ ထို့အပြင် အဆိုပါ ယာယီဆေးရုံ(ပေါင်းလောင်း)၌ ဘူတန်နိုင်ငံဘုရင်က စေလွှတ်ပေးသည့် ဘူတန်ဆေးကုသရေးအဖွဲ့ ၄၀ ဦးကလည်း လိုအပ်သောဆေးဝါးပစ္စည်းများနှင့်အတူ ပူးပေါင်းပါဝင်၍ လိုအပ်သည့် ဆေးကုသခြင်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ဘူတန်ဆေးကုသရေးအဖွဲ့သည် သီးခြားယာယီ ဆေးရုံတည်ဆောက်လျက်ရှိပြီး ငလျင်ဒဏ်သင့် လူနာများအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment