ပေါင်မြို့နယ်၌မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးနှင့်လျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်၌မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးနှင့်လျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

137

138

141


ပေါင်၊ ဧပြီ ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပေါင်းရပ်ကွက် ဓမ္မာရုံ၌ မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။

ဆက်လက်၍ သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  မှ ဒုတိယဦးစီးမှူး ဦးဇော်မိုးနိုင် က ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ပေါင်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဒေါ်နှင်းအိကေခိုင် က လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ပေါင်မြို့နယ်တာဝန်ခံတောအုပ်ကြီးဦးဇော်လွင်ဦးမှမြန်မာ့ဒီရေတောများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒေါ်ဝင်းလဲ့သူက  မီးခိုးမြူငွေ့နှင့် ကောက်ပြတ်မီးရှို့ခြင်းအကြောင်းကိုလည်းကောင်းအသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများ‌ ကိုမေးမြန်းခဲ့ရာ  တာဝန်ရှိသူများ က  ပြန်လည်  ဖြေကြားခဲ့ကြောင်းသိရသည်။

 

မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages