နေပြည်တော်၊ ဧပြီ ၃
မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့် နောက်ဆက် တွဲငလျင်များကြောင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ထမ်းအိမ်ရာအချို့ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား တပ်မတော်သား မိသားစုများ၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် ကံ့ကော်အိမ်ရာသို့ သွားရောက်လှူဒါန်းကြသည်။
ဦးစွာ တပ်မတော်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား သွားရောက် အားပေးစကားပြောကြားကြသည်။ ထို့နောက် တပ်မတော် သားမိသားစုများ၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှထွက်ရှိသော စားသောက်ဖွယ်ရာများကို ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment