ဒဂုံမြောက် , ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များ ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆရာတော်သံဃာတော်များမှ ရတနသုတ်ပရိတ်တရားတော်(၉)ခေါက်၊ (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ဆဌမမြောက်နေ့အဖြစ် ယမန်နေ့ည ၇ နာရီက မြို့နယ်ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံများ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆရာတော်၊ သံဃာတော်များဖြင့် ပရိတ်ကြီး(၁၁)သုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဌာနဆိုင်ရုံးများ၊ ရပ်ကွက်/ ကျေးရွာများ၌ ဝတ်ရွတ်အဖွဲ့များ၊ ၀န်ထမ်းများ၊ ပြည်သူများက သဘာဝဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရတနသုတ်ပရိတ်တရားတော်(၉)ခေါက်၊ (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်ပွဲများကို ဧပြီလ ၈ ရက်နေ့ မှစ၍ နေ့စဉ်ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ
https://t.me/MyanmarNationalPost
No comments:
Post a Comment