သီတဂူအဓိပတိဆရာတော်ဘုရားကြီး ရေစက်ရုံများကို သွားရောက်ကြည့်ရှု - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သီတဂူအဓိပတိဆရာတော်ဘုရားကြီး ရေစက်ရုံများကို သွားရောက်ကြည့်ရှု

128-01

129

130

133

136

138

139

140

သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ၁၄.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ရှိ အမှတ်(၁)ရေစက်ရုံသို့ သွားရောက်ကြည့်ရှူ့ခဲ့ပြီး အမှတ်(၁)စက်ရုံတွင် ရေပန့် ၁၃ လုံးရှိသည့်အနက်၊ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရေပန့် (၂)လုံးမှာ ပျက်သွားခဲ့သည်။ 

သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ တောင်ရိုးရေအမြန်ဆုံးရေရရှိရန်အတွက် အမှတ်(၁)စက်ရုံမှူး ဦးညွန့်ဝေအား မိန့်ကြားခဲ့သည်။

အမှတ်(၁)စက်ရုံမှူး ဦးညွန့်ဝေမှ နောက်(၅)ရက်အတွင်း တောင်ရိုးရေရရှိဖြစ်ကြောင်း ဆရာတော်ကြီးအား ပြန်လည်လျောက်ထားသည်။

ထို့နောက်ဆရာတော်ဘုရားကြီးသည် ရှင်ပင်နံကိုင်းတောင်ပေါ်သို့ တက်ကာ  အမှတ် (၁)ရေကန်အား သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ပြီး ရေကန်၏ ကြံခိုင်မှူအား စစ်ဆေးကြည့်ရှူ့ပြီးနောက် ဆင်များရှင်စေတီတော်ကို သွားရောက်ကြည့်ရှူ့ခဲ့သည်။

ဆင်များရှင်စေတီတော်ကို စစ်ဆေးကြည့်ရှူ့ပြီးနောက် စည်းခုံကြီးစေတီတော်ကို သွားရောက်ကြည့်ရှူ့ခဲ့ကြောင်း သိရသည်။

သီတဂူအဓိပတိဆရာတော်ဘုရားကြီး အနေဖြင့် ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်များ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး၊ ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရ သူမျာအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ၊ ရေပေးဝေနိုင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြပ်မက်ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages