နှစ်ပေါင်း ၆၆ နှစ်ကြာမှ နီပေါ ဝန်ကြီးချုပ် ပထမဆုံး ထိုင်းနိုင်ငံကို အလည်လာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နှစ်ပေါင်း ၆၆ နှစ်ကြာမှ နီပေါ ဝန်ကြီးချုပ် ပထမဆုံး ထိုင်းနိုင်ငံကို အလည်လာ

136

ဧပြီ - ၃ ( ကြာသပတေးနေ့ ) 

နီပေါနိုင်ငံ နဲ့ ထိုင်းနိုင်ငံက ၁၉၅၉ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေးကို တည်ထောင်ခဲ့ပေမဲ့ မနေ့ကအထိ ဝန်ကြီးချုပ်အဆင့် အလည်အပတ် မရှိခဲ့ပါဘူး။ ဧပြီလ ၂ ရက်နေ့ကမှ နီပေါဝန်ကြီးချုပ် ကေပီရှာမာအိုလီ က ထိုင်းနိုင်ငံသို့ တရားဝင်ခရီးအဖြစ် အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒါက ၁၉၅၉ ခုနှစ် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးသော ဝန်ကြီးချုပ်အဆင့် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နဝတ်ထရာ က ဘန်ကောက်တွင် အိုလီကို ကြိုဆိုဧည့်ခံခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စသည့် ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

စိုက်ပျိုးရေး/ စိုက်ပျိုးရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပြည်သူအချင်းချင်း ဖလှယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် ၈ ချက်ကို လက်မှတ်ရေးထိုး ခဲ့ပြီး "နီပေါဝန်ကြီးချုပ်အဖြစ် ထိုင်းနိုင်ငံသို့ ပထမဆုံး တရားဝင်လာရောက်လည်ပတ်ခြင်းအတွက် ဂုဏ်ယူမိပါသည်၊" လို့ အိုလီက ၎င်းရဲ့  X မီဒီယာတွင် ရေးသားခဲ့ပါတယ်။ 


REF: Anadolu Ajansi

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages