မကွေး , ဧပြီ ၁၄
မြန်မာ့ရိုးရာယဥ်ကျေးမှုအစဥ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကိုအတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန်ရည်ရွယ်ချက်များဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ယခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ကို မကွေးမြို့ ကမ်းနားလမ်းတွင် ယမန်နေ့နံနက် ၉ နာရီမှ စတင်ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် လမ်းလျှောက်သင်္ကြန်ကျင်းပရာ မကွေးမြို့ကမ်းနားလမ်းတွင် မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားနေမှုများ၊ ဝန်ကြီးဌာနအလိုက် စတုဒီသာအလှူအဖြစ် ဧည့်ခံကျွေးမွေးနေမှုများ၊ မြန်မာ့ရိုးရာ သနပ်ခါးအားသရုပ်ပြ လိမ်းခြယ်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး အတွင်း ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို အပျော်အပါး၊ အတီးအမှုတ်နှင့် သီဆိုကခုန်မှူများမပါဝင်ဘဲ အေးချမ်းသာယာသည့် ရေအေးသင်္ကြန်အဖြစ် မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ကစားခြင်း၊ အကျွေးအမွေးစတုဒီသာများဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့ကိုသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment