ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ထိုင်းနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည့် မြန်မာနိုင်ငံသားများအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ထိုင်းနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည့် မြန်မာနိုင်ငံသားများအား သွားရောက်ကြည့်ရှုအားပေး


နေပြည်တော်၊ ဧပြီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဒုတိယဝန်ကြီးများလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ ထိုင်းနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုဖြစ်ပွား စဉ်အတွင်း အဆောက်အဦ ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး Phyathai Phaholyothin Hospital ၌ ဆေးကုသ မှုခံယူလျက်ရှိသည့် မြန်မာနိုင်ငံသားများအားသွား ရောက်ကြည်ရှုအားပေးစကား ပြောကြားသည်။

ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံ၌ တက်ရောက် ကုသလျက်ရှိသည့် မြန်မာနိုင်ငံသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်၍ ဆေးကုသမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)