မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၈ ဒသမ ၂၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၈ ဒသမ ၂၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

019

020


နေပြည်တော်၊ ဧပြီ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မတ်လ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော် ကျေးရွာအုပ်စု၊ ပဒုမ္မာကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် တောင်တော်ကျေးရွာဘက်မှ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာဘက်သို့ ရဲနိုင်ဦး၊ အောင်ငွေမိုး၊ ထွန်းလှိုင် နှင့် ရှိုင်းကိုဇင် တို့ ၄ ဦး မော်တော်ဆိုင်ကယ် ၄ စီးဖြင့် သယ်ဆောင်လာသည့် ဆာလာအိတ် ၁၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၃ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၇ နာရီ အချိန် စိတ်ကြွရူးသွပ်ဆေးပြားများအား ရွာငံမှ ကျောက်ဆည်သို့ သယ်ဆောင်ခိုင်းသူ လွမ်းဇော်(ခ) ကိုပွား နှင့် နောင်သျှမ်းဝင်း တို့ ၂ ဦးအား ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာအနီးတွင် မော်တော် ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ တာဝန်ခံသယ်ဆောင်သည့် ညီဝဏ္ဏ နှင့် သိန်းလင်းကျော် တို့ ၂ ဦးအား ရန်ကုန်-မန္တလေး လမ်းဟောင်း၊ လယ်ကြီးကျေးရွာအနီးတွင် KLUGER မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ် အနီး၊ တောအတွင်းရှိ လျှိုမြောင်ထဲတွင် သိုဝှက်သိမ်းထားသည့် ဆာလာအိတ် ၁၅ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၉ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုး ငွေကျပ် ၈ ဒသမ ၂၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်း ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများမှာ သီပေါမြို့နယ်၊ နားလွမ့်ကျေးရွာနေ အိုက်စိုင်း(ခ)အိုက်စံ(ခ)စိုင်းနောင့် မှ ညီဝဏ္ဏ နှင့် သိန်းလင်းကျော် တို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ပြီး ညီဝဏ္ဏနှင့် သိန်းလင်းကျော် တို့မှ ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာနေ ဝင်းမင်းထက်(ခ)ငတစ်(ခ)သားတစ် အား ရွာငံမှ ကျောက်ဆည်သို့ တောလမ်းမှ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်းအနက် ၄၀ သိန်းအား ရန်ကုန်မှ မင်းတုန်းသို့ သယ်ဆောင်ခိုင်းသူ အောင်သူရ အား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် AA အကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့နေသူ ဖြစ်ကြောင်း၊ ၎င်း၏စေခိုင်းချက်အရ ကျော်ခိုင်(ခ)ကျော်နိုင်(ခ)ဖြူသီး၊ ညီစန်းအောင်၊ အောင်ထွန်းလင်း (ခ)ညီညီ နှင့် ဇော်နိုင်လင်း တို့သည် ရန်ကုန်မှ မင်းတုန်းသို့ စိတ်ကြွရူးသွပ်ဆေးပြားများအား အကြိမ်ကြိမ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၈ သိန်းအား ရန်ကုန်မြို့တွင် လက်ခံသူ မျိုးမြင့်မောင်(ခ)မောင်မောင် နှင့် ထွေးမင်းခန့်(ခ)သားငယ် တို့အား မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်တွင် TOYOTA SPRINTER ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ခိုင်းသူမှာ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာနေ မစိန်မေ(ခ)ယမင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ရောင်းဝယ်ရာတွင် စီမံခန့်ခွဲသူ အိုက်စိုင်း (ခ)အိုက်စံ(ခ)စိုင်းနောင့်(သီပေါမြို့နယ်နေသူ)သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အမှုကြီး ၆ မှုမှ အလိုရှိ တရားခံပြေးဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများလက်ခံ၍ သယ်ဆောင်ရောင်းဝယ်သူ မျိုးမြင့်မောင်(ခ)မောင်မောင် သည်လည်း ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ အလိုရှိ တရားခံပြေး တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages