ေမှာ်ဘီမြို့နယ်၌ မဟာသင်္ကြန်အကျနေ့စတုဒီ သာကျွေးမွေးခြင်းနှင့်မြန်မာ့ရိုးရာအစဥ်အလာမပျက်ရေကစားခြင်းများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ေမှာ်ဘီမြို့နယ်၌ မဟာသင်္ကြန်အကျနေ့စတုဒီ သာကျွေးမွေးခြင်းနှင့်မြန်မာ့ရိုးရာအစဥ်အလာမပျက်ရေကစားခြင်းများဆောင်ရွက်


31

32

33

​ေမှာ်ဘီ၊  ဧပြီ ၁၄


     ရန်ကုန်တိုင်းဒေသကြီးမေှာ်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စတုဒီသာကျွေးမွေးခြင်းကိုမဟာသင်္ကြန် အကျနေ့  ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍​ေမှာ်ဘီမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာရုံးရှေ့မြန်မာ့ရိုးရာအ တာသင်္ကြန်စတုဒီသာမဏ္ဍာပ်တွင်ကျင်း ပပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန်စတုဒီသာမဏ္ဍာပ်၌စတုဒီသာကျွေးမွေးခြင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦး​​မြင့်နိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦး​ြပည့်ဖြိုးမောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှပျိုဖြူများအသင်းအဖွဲ့များနှင့်ပြည်သူများပါဝင်ဆင်နွှဲခဲ့ပြီး ရိုးရာမပျက် သပြေခက်ဖြင့်ရေပက်ကစားခဲ့ကြကြောင်းသိရသည်။

    မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒီသာ​ကျွေးမွေးရာတွင်လည်းလူမျိုးမရွေးဘာမရွေး သုံးဆောင်နိုင်စေရန်ရည်ရွယ်၍  သင်္ကြန်အကျနေ့ အဖြစ် နံနက်ပိုင်း မုန့်ဟင်းခါးဖြင့်လည်းကောင်း ညနေပိုင်း ၌ရွှေရင်အေးဖြင့်လည်းကောင်း မုန့်လက်ဆောင်းများဖြင့်လည်းကောင်း ရောက်ရှိလာသူပြည်သူလူထုများအား စတုဒီ သာကျွေးမွေးဧည့်ခံပေးသွားမည်ဖြစ်ပြီးဧပြီ ၁၆ ရက်နေ့ထိ သင်္ကြန်ထမင်း၊မုန့်လုံးရေ ပေါ် ၊ကြာ​ဇံကြော်များနှင့်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရ သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages