နေပြည်တော်၊ ဧပြီ ၁၃
မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသောဖိလစ်ပိုင်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် ဖစ်လပိုင်နိုင်ငံမှအမျိုးအစား လေယာဉ် C-130 နှစ်စင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။
Lieutenant Colonel Erwen S Diploma Philippine Air Force : Philippine Inter-Agency Humanitarian Contingent & Office of the Civil Defense Arm Forces of the Philippines Bureau of Fire Protection Metro Manila Development Authority | Department of Environment and Natural Resources Emergency Response Team နှင့် Department of Health စုစုပေါင်း ၈၉ ဦးတို့ပါဝင်ပြီး မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်နေ့ကရောက်ရှိလာသည့်ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သည်။
Urban Search and Rescue (USAR) Emergency Medical Assistanceအဖွဲ့များသည် နေပြည်တော် ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့၌ အရေး ပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတို့နှင့် ဆေးကုသရေးလုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကို လူသားချင်းစာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ညမပြတ် အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာပြီး ထိခိုက် ဒဏ် ရရှိသူ ၁၀၄၆ ကိုဆေးကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့များအား မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်ထွန်းနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှတာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment