နိုင်ငံရေးပါတီ (၂၉)ပါတီမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော "ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်"ကို ကြိုဆိုထောက်ခံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံရေးပါတီ (၂၉)ပါတီမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော "ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်"ကို ကြိုဆိုထောက်ခံ

177-01

177-02

178

179

180

181


နေပြည်တော်၊ ဧပြီ ၃

နိုင်ငံရေးပါတီ (၂၉)ပါတီမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော "ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်"ကို ကြိုဆိုထောက်ခံကြောင်း၊ "ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း" သဘောထားထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ( ၃ ) ရက် နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်တွင် "တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း (၂၂)ကြိမ် ထုတ်ပြန် ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မတ် ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ လမ်းတံတား၊ အဆောက်အအုံများ ထိခိုက် ပျက်စီး ခဲ့ရကာ ပြည်သူများ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ထိုကဲ့သို့သော ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် စေရန် ရည်ရွယ်လျက်လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ကာလကို ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်လိုက်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသော "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ"ကို အားပေးထောက်ခံပါကြောင်း၊ ၂.၄.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည့် "ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်"ကို ကြိုဆိုထောက်ခံ ပါကြောင်းနှင့် ၎င်းဆောင်ရွက်ချက်များမှတဆင့် "ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင် လိမ့်မည်" ဟု ယုံကြည်ပါကြောင်း" ထုတ်ပြန်ပြောဆိုထားသည်။

နိုင်ငံရေးပါတီ ၂၉ ပါတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ နှင့် အခြားပါတီများလည်း ပါဝင်သည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages