ရွှေတောင်၊ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်၊ ကမ်းနားတန်းလမ်း ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ပိုင်းက ပြုလုပ်ခဲ့သည်။
ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ကုသိုလ်မင်္ဂလာ ပြုလုပ်ခဲ့ရာ ( ငါးကြင်းရွှေဝါ၊ ငါးခုံးမ၊ ငါးမြစ်ချင်း) ငါးမျိုးစုံ( ၂၀၀၀) ကောင်ရေတို့အား ဧရာဝတီမြစ်အတွင်း သို့လွှတ်ပေးခဲ့ကြပြီး ရွှေမျက်မှန်ဘုရားဓမ္မာရုံအတွင်း၌ မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ စုပေါင်း၍ ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်အသင်းအဖွဲ့မှရတနသုတ်ပရိတ်တရားတော်အား ( ၉) ကြိမ်၊ ( ၉) ရက်တိတိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment