ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ

 

37

38


ညောင်တုန်း ,  ဧပြီ  ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆားမလောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် နည်းပညာပြန့်ပွားရေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလူချောက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေးတိုးတက်ကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများကိုပြောကြားခဲ့သည်။

ထို့နောက် ဆားမလောက်ကျေးရွာ ကွင်းအမှတ်(၃၈၂)ရှိ တောင်သူများ၏ လယ်‌မြေ ၅၀ ဧကတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်းဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံတောင်သူများထံသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ခဲ့‌ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages