တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းသာယာစွာ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းသာယာစွာ ကျင်းပ

077

078

079

080

081

082

နေပြည်တော်၊ ဧပြီ ၁၄

မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင် မဟာသင်္ကြန်အကျနေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် မဟာသင်္ကြန်အကျနေ့  မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့၊ သီရိမင်္ဂလာလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပလျက်ရှိကြောင်းသိရသည်။ ထိုသို့ကျင်းပပြုလုပ်ရာတွင် ဆင်ပေါင်ဝဲမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အေးချမ်းကြည်နူးစွာဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ စတုဒိသာအကျွေးအမွေးများဖြင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရပ်ကွက်များအတွင်း ရှေးထုံးစဉ်လာများနှင့်အညီ   ရေကစားခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိပြီး မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ ကျွန်းကလေးကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓမြတ်စွယ်တော်နှင့် ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူသော အလိုတော်ပြည့် စေတီတော်မြတ်ကြီးတို့တွင်လည်း လာရောက်ဖူးမြော်သူများ၊ တရားအားထုတ်ရန်လာရောက်သူများနှင့် အန္တရယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စတုဒိသာကျွေးမွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ​မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးရှေ့ မြန်မာ့ရိုးရာအတာသင်္ကြန်စတုဒီသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ပြည့်ဖြိုးမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှပျိုဖြူများ အသင်းအဖွဲ့များနှင့် ပြည်သူများပါဝင်ဆင်နွှဲခဲ့ပြီး ရိုးရာမပျက် သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြကြောင်း သိရသည်။

မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒိသာ​ကျွေးမွေးရာတွင်လည်း လူမျိုးမရွေးဘာမရွေး သုံးဆောင်နိုင်စေရန်ရည်ရွယ်၍ သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် မုန့်ဟင်းခါးဖြင့်လည်းကောင်း ညနေပိုင်း၌ ရွှေရင်အေး၊ မုန့်လက်ဆောင်းတို့ဖြင့်လည်းကောင်း ပြည်သူများအား စတုဒိသာကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages