ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

014

015

016

017

021

022

023

024

025

030

နေပြည်တော်၊ ဧပြီ ၁၂ 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၊ ဥမင်ကိုးဆယ်စေတီတော်နှင့် ဟံသာဂီရိ ဘုန်းတော်ကြီးကျောင်းတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အဦများအား ဖယ်ရှား ရှင်းလင်းနေမှု၊ ပိုးတန်းရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူ များအား ထောက်ပံ့ပစ္စည်းပေးဝေနေမှု၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မြို့မစည်ပင် သာယာဈေး၊ ထူပါရုံစေတီနှင့် ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ သာသနိက အဆောက်အဦများ၊ အရန်စေတီများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှု၊ ပိုးတန်း ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ယာယီ)ကျောင်းဆောင်ဆောက်လုပ်နေမှု၊ မင်းလမ်းရပ်ကွက် ရှိအခြေခံပညာအထက်တန်းကျောင်းခွဲ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် အေးမြဝတီရပ်ကွက်ရှိ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၌ ယာယီ ဆေးရုံ ဆောက်လုပ်နေမှုတို့အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ ရန်ကြီးအောင်ရိပ်သာ၌ မန္တလေးမြို့သို့ရောက်ရှိနေသော အိန္ဒိယနိုင်ငံမှ Colonel RAKESH KADEKHAR နှင့် တွေ့ဆုံ၍ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် လမ်းတံတား များ ရှင်းလင်းဖယ်ရှားရေး၊ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ကြသည်။ ထို့ပြင် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa နေရာ၊ ငလျင်ဒဏ် သင့်ပြည်သူများအတွက် ရေသန့်စက်ဆောက်လုပ်နေမှုနေရာ၊ ဂရိတ်ဝေါ(လ်) ဟိုတယ် နေရာ၊ မဟာမုနိဘုရားကြီးတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့်နေရာများအား ရှေးမူမပျက် ပြန်လည်ပြင်ဆင်နေမှု၊ မဟာမုနိဘုရားကြီး မကိုဋ်တော်ပြန်လည်တည့်မတ်ပြီးစီးမှု အခြေအနေများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် ချမ်းအေးသာစံမြို့နယ်ရှိ စကုကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိရှင်ပင်သာဒွန်းဦးဘုရားနှင့် မဟာသုန္ဒရာရာမကျောင်းတိုက်တို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကျောက်ဆည်မြို့၊ ရွှေမုဋ္ဌောစေတီ၊ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အဦနေရာများ၊ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ရုံးနေရာ၊ ပတ္တာအုပ်စု၊ ငါးဆူကျေးရွာရှိ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံနေရာနှင့် ပတ္တာကျေးရွာအတွင်းရှိ အဆောက်အဦနေရာများ၊ ဖူးရှင်းသံမဏိစက်ရုံ၊ ပြုံးပန်းဝေသံမဏိစက်ရုံ၊ ဟန်စတီး သံမဏိစက်ရုံနေရာများနှင့် Power Gen Kyaukse Campany Limited လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံနေရာများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်နှင့် အစိုးရ စက်မှုလက်မှု(သိပ္ပံ)တို့၌ အပျက်အစီးများ ဖယ်ရှား ရှင်းလင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages