ပဲခူး၊ ဧပြီ ၅
မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေတို့တွင် အင်အားပြင်းထန်သောငလျင်ဒဏ်ခံစားခဲ့ရသော တိုင်းရင်းသားညီအစ်ကို မောင်နှမအတွက် ကူညီထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် ပဲခူးမြို့တွက်ဝါသနာရှင်များစုဖွဲ့ထားသော Bago Old Star အသင်းတို့သည် ဧပြီလ ၇ ရက်နေ့တွင် ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ကွင်း၌ ချစ်ကြည်ရေး ရံပုံငွေ ရရှိရန်အတွက် ဘောလုံးပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးသူ ပြည်သူများအား ကွင်းဝင်ကြေး ငါးထောင်ကျပ်အား သတ်မှတ်ထားကြောင်းသိရသည်။
ပဲခူးမြို့ရှိပြည်သူများသည် ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကူညီ ကယ်ဆယ် ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် မြို့၏လူစည်ကားရာနေရာများတွင် စုပေါင်း၍အလှူခံခြင်း ၊ လှူဒါန်းနိုင်ရန်အတွက်ရံပုံငွေများ အလှူငွေများရှာဖွေ လက်ခံခြင်းတို့အား စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ Bago Old Star ဘောလုံးအသင်းသည် လက်ရွေးစင်ကစားသမားဟောင်းများ၊ ဋ္ဌာနဆိုင်ရာများ၊ အငြိမ်းစားနိုင်ငံဝန်ထမ်းများမှ စုပေါင်းဖွဲ့စည်းထားသော ဘောလုံးအသင်းဖြစ်ပြီး ယခုအခါငလျင်ဒဏ်သင့်ပြည်သူများအား ကူညီ ကယ်ဆယ်ထောက်ပံ့နိုင်ရန်အတွက် ရွှေမော်ဓောဘုရားလမ်းရှိ တင်းနစ်ကွင်းရှေ့တွင် အလှူခံဌာနဖွင့်လှစ်၍ ကူညီဆောင်ရွက်လျှက်ရှိသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် ကျင်းပမည့်အစီအစဉ်များ အနေဖြင့် ဧပြီလ ၇ ရက်နေ့ညနေ (၃:၀၀ မှ ၄:၃၀)နာရီအထိပရိသတ်များ နှင့် အနုပညာရှင်များ တွေ့ဆုံမိတ်ဆက်ခြင်း၊ ညနေ (၄:၃၀ မှ ၆:၃၀)အချိန်တွင် အနုပညာရှင်များအသင်း နှင့် Bago Old Starအသင်း ဘောလုံးကစားခြင်း ပါဝင်မည့်အနုပညာရှင်များအနေဖြင့် သူထူးစံ၊ ဘုန်းလျှံ၊ ထွန်းထွန်း ၊ဟဲဗီးဖြိုး၊ မိုးယံဇွန် ၊ ပိစိကွေး ၊ကျော်ကျော်၊ ချာလီ၊ မာန်ဟိန်း ၊အောင်လေး ၊နေဒွေး ၊ကောင်းစစ်သွေးနှင့် အနုပညာရှင်ပေါင်းများစွာပါဝင်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း အောင်အောင်ဦး ၊ ကြည်လင်း၊ ဖြိုးမောင်မောင်ကျော် ၊ တင့်နိုင်ထွန်းသိန်း ကစားသမားပေါင်းများစွာတို့ ပါဝင်ကြမည်ဖြစ်ကြောင်းသိရသည်။
မိဘပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်း ကူညီလှူဒါန်းလိုပါက အောက်ဖော်ပြပါဖုံးနံပါတ် KPay များသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းထုတ်ပြန် နှိုးဆော်ထားသည်။
09264225953- ဦးသက်စိုး
09899873887-ကိုချမ်းမြေ့အောင်
095300809-ဦးကျော်ကျော်မြင့်
ဖြိုးကိုလင်း(ညောင်ဝိုင်း)
#MyanmarEartquake
https://t.me/MyanmarNationalPost
No comments:
Post a Comment