ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

025

026

027

028

029

030

နေပြည်တော်၊ ဧပြီ ၁၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အေးမြဝတီရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်နှင့် သောတပန်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေရာများ၌ အဆောက်အဦများအား ဖယ်ရှားရှင်းလင်းနေမှု၊ ပိုးတန်းရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးဝေနေမှုနှင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေ မှုများကိုလည်းကောင်း၊ သောတပန်ရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက်၌ ငလျင်ဒဏ် သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် တို့သည် မန္တလေးမြို့၊ IBIS Style Hotel ၌ ထိုင်းနိုင်ငံ မှ ကူညီကယ်ဆယ်ရေးနှင့် ဆေးအကူအညီပေးရေးအဖွဲ့အား သွားရောက် တွေ့ဆုံ၍ ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ဆေးအကူအညီပေး ရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အောင်မြေသာစံ မြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၌ ငလျင်ဘေးသင့်ပြည်သူများအား ထိုင်းနိုင်ငံမှ ဆေး အကူအညီပေးရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ မန္တလေးမြို့၊ နန်းမြို့ရိုး၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီး ပြန်လည်ပြုပြင်နေမှုများကိုလည်းကောင်း၊ မန္တလေးမြို့ မဟာသုန္ဒရာ ရာမကျောင်းတိုက်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေရာများ၌ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးသင့်ပြည်သူ များအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန် ရှိသူများသည် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးလမ်းပေါ်နှင့် အပျက်အစီးနေရာများ၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းနှင့် ရွှေဂူချောင်သီလရှင်သင်ပရဟိတဒါန ကျောင်းတိုက် များသို့ သွားရောက်၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား အလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်များအတွင်း ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages