ဧပြီ - ၁၇ ( ကြာသပတေးနေ့ )
ဂရင်းလန်ကျွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သိမ်းယူမယ်ဆိုပြီး ကြိုးစားမှုတွေကြောင့် ရွေးချယ်လို့ရမယ်ဆိုရင်တော့ တရုတ်ကိုပဲ ရွေးချယ်မယ်ဆိုပြီး ဂရင်းလန်ကျွန်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်မော်ဇ်ဖီးလ် ကပြောသွားပါတယ်။
"ကျနော်တို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်အောင် ကြိုးစားနေပါတယ်။ တရုတ်က ကျနော်တို့အတွက် ပိုပြီး အရေးကြီးတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိစ္စတော်တော်များများအတွက် လက်မှတ်တွေထိုးဖို့ လုပ်နေပါတယ်။ လောလောဆယ် လွတ်လပ်စွာကုန်သွယ်မှုအတွက် လက်မှတ်ထိုးထားပြီးပါပြီ။ တရုတ်ဘက်ကလည်း ကျနော်တို့ရဲ့ ပင်လယ်စာတင်သွင်းမှုကို လက်ခံထားပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ဒိန်းမတ်သံရုံးမှာ ဂရင်းလန်သံတမန်ဌာနကို သီးခြားဖွင့်လှစ်ထားပါတယ်" လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ မြောက်အတ္တလန်တစ် မဟာဗျူဟာကျကျ ကာကွယ်ရေးအတွက် ဂရင်လန်ကို သိမ်းဖို့ကြိုးစားမှုမှာ ဂရင်းလန်က တရုတ်နဲ့ ပေါင်းဖို့ကြိုးစားနေတော့ အမေရိကန်အတွက် ၂ ထပ် အခက်အခဲ ဖြစ်သွားဖို့ရှိနေပါတယ်။ ဂရင်းလန်ကို သိမ်းဖို့က ဒိန်းမတ်အစိုးရကို ဖိအားပေးနိုင်ဖို့က လွယ်ပေမဲ့ တရုတ်ကို ဖိအားပေးဖို့ မလွယ်တော့တဲ့ သဘောသက်ရောက်နေပါတယ်။
REF: Hindustan Times
https://t.me/MyanmarNationalPost

No comments:
Post a Comment