ဧပြီ - ၁၃ ( တနင်္ဂနွေနေ့ )
တရုတ်နိုင်ငံ မြောက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်အောက် နေထိုင်သူများကို အိမ်ထဲတွင်သာ နေထိုင်ရန် တိုက်တွန်းထားပြီး ဒေသအနှံ့ လေပြင်းများ တိုက်ခတ်နေချိန်တွင် ၎င်းတို့သည် “အလွယ်တကူ လွင့်ပါ” နိုင်ကြောင်း သတိပေးထားပါတယ်။
နိုင်ငံ၏မိုးလေဝသအေဂျင်စီသည် ယခုသီတင်းပတ်ကုန်တွင် လေပြင်း၊ မိုး၊ ဆီးနှင်းနှင့် မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ပြီး လေပြင်းတိုက်ခတ်မှု အဆင့် ၁၃ သို့ ရောက်ရှိကာ သတိပေးချက် အဆင့် ၅ ထုတ်ပြန်ထားပါတယ်။ လေပြင်းအား စကေးကို ၁ မှ ၁၇ အတွင်း တိုင်းတာပါတယ်။ တရုတ်မိုးလေဝသ စီမံကွပ်ကဲမှု အရ အဆင့် ၁၁ လေတိုက်နှုန်းသည် “ပြင်းထန်သော ပျက်စီးမှု” ကို ဖြစ်စေနိုင်ပြီး အဆင့် ၁၂ မှ လေပြင်းများသည် “အလွန်အမင်း ပျက်စီးခြင်း” ကို ဖြစ်စေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ၏ အဆင့် ၄ ဒုတိယအမြင့်ဆုံးဖြစ်သော လိမ္မော်ရောင်အဆင့် လေသတိပေးချက်ကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့တော်တွင် သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှ တောင်ဘက်သို့ ရွေ့လျားလာသော အအေးလှိုင်းတစ်ခုကြောင့် မုန်တိုင်းသည် ပေကျင်း၊ တီရန်ကျင်း နဲ့ ဟဲဘေး တို့တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ နှုန်းအထိ တိုက်ခတ်ခဲ့ပါတယ်။ ပင်စည်လုံး ၁ ပေ လောက်ရှိတဲ့ သစ်ပင်များကို နှုတ်ပစ်နိုင်တဲ့အထိ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပါတယ်။
ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်၊ မြို့တော်ပန်းခြံများကို ပိတ်ထားခဲ့ပြီး သက်ကြီးသစ်ပင်များကို ဖြတ်တောက်ခြင်း သို့မဟုတ် အားဖြည့်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ကြိုတင် ကာကွယ်မှုများ လုပ်နေတဲ့ကြားမှာကိုပဲ သစ်ပင် ၃၀၀ နီးပါး ပြိုကျခဲ့ပြီး ယာဉ်အများအပြား ပျက်စီးခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပြီး အာဏာပိုင်များသည် မလိုအပ်ဘဲ ခရီးသွားခြင်းကို ရှောင်ကြဉ်ရန် ပေကျင်းမြို့နေ လူဦးရေ ၂၂ သန်းကို အကြံပေးထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment