ဧပြီ -၄ ( သောကြာနေ့)
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က လာအိုနိုင်ငံရဲ့ တော်လှန်ရေး ပထမ မျိုးဆက်ခေါင်းဆောင် ဖြစ်သူ ခမ်တေးဆီဖန်ဒေါင် တစ်ယောက် ကွယ်လွန်သွားပြီလို့ လာအိုပြည်သူ့တော်လှန်ရေးပါတီ ( LPRP ) ရဲ့ အထွေထွေအတွင်းရေးမှူး တိုလာမ် က ကြေညာခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌဟောင်း ဖြစ်သူ ဗိုလ်ချုပ်ကြီး ခမ်တေးရဲ့ဈာပနကို နိုင်ငံတော် အခမ်းအနားနဲ့ သင်္ဂြိုလ်မှာဖြစ်ပြီး အခမ်းအနားကို လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့က အဆင့်မြင့် အရာရှိများတက်ရောက်ကာ နောက်ဆုံး အလေးပြု မယ်လို့ သိရပါတယ်။
ခမ်တေးသည် လာအိုတော်လှန်ရေးကို တည်ဆောက်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လာအိုတော်လှန်ရေးသမားများ၏ ပထမမျိုးဆက်၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖေါ်ပြထားပါတယ်။ သူသည် LPRP ၏ ပြီးပြည့်စုံသော အသစ်ပြန်လည်ထူထောင်ရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ရှေ့ဆောင်တစ်ဦးဖြစ်ပြီး၊ ဗီယက်နမ်ပြည်သူများနှင့်အတူ အမျိုးသားကာကွယ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သစ္စာရှိ၊ ရင်းနှီးပြီး တည်ကြည်သော ဗီယက်နမ်၏ မိတ်ဆွေတစ်ဦးလည်းဖြစ်ပါတယ်။ ၎င်း၏ ကွယ်လွန်မှုသည် ပါတီ၊ နိုင်ငံတော်နှင့်အတူ လာအိုနှင့် ဗီယက်နမ် နှစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း တိုလာမ် က မှတ်ချက်ပြုခဲ့ပါတယ်။ ခမ်တေးရဲ့ ဈာပနကို ၂ရက်တိုင် အလေးပြုခံမယ်လို့လည်း သိရပါတယ်။
REF: Vietnam Times
https://t.me/MyanmarNationalPost
No comments:
Post a Comment