မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများနှင့်ဘာသာရေး အသင်းအဖွဲ့အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများနှင့်ဘာသာရေး အသင်းအဖွဲ့အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့

001


နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ ၂

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ၊အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံ (၇)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများနှင့် ဘာသာရေး အသင်းအဖွဲ့များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့ကြသည်။

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် ဥဇဘတ်ကစ္စတန် သမ္မနိုင်ငံ သမ္မတ ရှဗ်ကတ် မာဇီရိုရက်ဗ် ကလည်းကောင်း၊ တာဂျစ်ကစ္စတန်သမ္မတ နိုင်ငံ သမ္မတ အီမွန်မာလီ ရာမွန် ကလည်းကောင်း၊ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ ကလည်းကောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖိထောင်တန် ရှင်နာဝပ်ထရာ ကလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကြားဖြတ်အစိုးရ အကြီးအကဲဖြစ်သူ အကြံပေး ပုဂ္ဂိုလ်ချုပ် မိုဟာမက်ယူနွတ် ကလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး  မစ္စတာ ဆန်ဟောင်ဖန် ကလည်းကောင်း၊ သီရိလင်္ကာအမရပူရ မဟာသံဃာအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဆရာတော် ဗလာပိတိယ သီရိသီဝလိ နာရခဲသဲရာ ကလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ကြသည်။

အဆိုပါ သဝဏ်လွှာများတွင် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်သည့် ငလျင်ဒဏ် ခံစားခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ် အများအပြား ထိခိုက်ဆုံးရှုံးရသည်ကို သိရှိရသည့် အတွက် များစွာ ဝမ်းနည်းမိပါကြောင်း၊ ငလျင်ဒဏ်ခံစားရသည့် ပြည်သူများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် စာနာထောက်ထားပါကြောင်း၊ ထိခိုက်သူ များအားလုံး အပြည့်အဝ ပြန်လည်ကောင်းမွန်စေကြောင်း၊ မြန်မာပြည်သူများ၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် စွမ်းအားရှိမှုတို့ဖြင့် ပိုမို၍ ခိုင်မာအားကောင်းလာမည်ကို ယုံကြည်ပါကြောင်း၊ မြန်မာအစိုးရနှင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား စာနာထောက်ထားပါကြောင်း၊ မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့နိုင်ငံကို ပြန်လည် တည်ဆောက်နိုင်ရန် စိတ်ဓာတ်ခွန်အားများ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ စိန်ခေါ်မှုများ ကြုံတွေ့ရသည့်အချိန်တွင် သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိပါကြောင်း၊ ကပ်ဘေး အန္တရာယ်ပြီးပါက မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် တတ်နိုင်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ ယခုကဲ့သို့ ကြေကွဲဝမ်းနည်းရသည့် အခိုက်အတန့်၌ နက်နဲသော ဝိပဿနာဖြင့် အနိစ္စသဘော ဖြစ်စဉ်ကို ဆင်ခြင်သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ထိခိုက် ခံစားခဲ့ရသူအားလုံး၏ အကျိုးအတွက် ရည်စူး၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ပါ ကြောင်း၊ နိုင်ငံအချင်းချင်းအကြား မြင့်မြတ်သော ဆက်နွယ်မှုသည် အပြန်အလှန် စိတ်ပိုင်းဆိုင်ရာ ၊ ဂရုဏာ၊ ဉာဏ်ပညာနှင့် စည်းလုံညီညွတ်မှုတို့ကို အားဖြည့်ပေးလျက် ရှိပါကြောင်း တို့ဖြင့် ဝမ်းနည်းစိတ်မကောင်းမှုများကို အသီးသီးဖော်ပြထားကြကြောင်း သတင်းရရှိသည်။

#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages