နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည်မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
၃၁ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖီလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ စုစုပေါင်း လေယာဉ် ၁၄ စီးဖြင့် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများသည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာကြသည်။
ယမန်နေ့တွင်ရောက်ရှိကြသည့် နိုင်ငံအလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန် များနှင့် သူနာပြုဆေးအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီးအဆိုပါကယ်ဆယ်ရေးအဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ် သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေး လုပ်ငန်းများကိုအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
#MyanmarEarthquake
https://t.me/MyanmarNationalPost
No comments:
Post a Comment