နေပြည်တော်၊ ဧပြီ ၄
ငလျင်ကြောင့် ပိတ်ထားခဲ့သည့် နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်များကို ဧပြီ ၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဧပြီလ ၄ ရက်နေ့ကစတင်ပြီး နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသည် တင်လေယာဉ်တွေ ပြန်လည်ပျံသန်းနေပါပြီ”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
လက်ရှိတွင် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နိုင်ငံပိုင် မြန်မာအမျိုး သားလေကြောင်းလိုင်းကလည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) အပါအဝင် ပြည်တွင်းလေကြောင်းလိုင်း အသီးသီးက ပုံမှန်လေကြောင်း ခရီးစဉ်များကို ဧပြီ ၄ ရက်တွင် စတင်ပျံသန်းနေပြီ ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment