စေတုတ္တရာမြို့နယ်အတွင်း ဆရာတော်၊ သီလရှင်များနှင့် အရပ်သားပြည်သူများ လိုက်ပါလာ သည့် မော်တော်ယာဉ်များအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စေတုတ္တရာမြို့နယ်အတွင်း ဆရာတော်၊ သီလရှင်များနှင့် အရပ်သားပြည်သူများ လိုက်ပါလာ သည့် မော်တော်ယာဉ်များအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိ




နေပြည်တော်၊ ဧပြီ ၄

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ်၊ အောင်နိုင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများသည် မော်တော်ယာဉ် ၂ စီးဖြင့် မကွေးမြို့ သို့ ဘုန်းတော်ကြီး ကျောင်းအလှူကိစ္စ ဆောင်ရွက်ရန်အတွက် လိုအပ်သောဈေးပစ္စည်းများ သယ်ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်များပေါ်လိုက်ပါလာသည့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံး ခဲ့ပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၇ ဦး ပြင်းထန်သော ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောင်နိုင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ သီဟနန္ဒ ဦးဆောင်၍ သံဃာတော် ၁ ပါး၊ သီလရှင် ၁ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၉ ဦးတို့သည် မကွေးမြို့သို့ ဘုန်းတော်ကြီးကျောင်းအလှူကိစ္စဆောင်ရွက်ရန်အတွက် လိုအပ်သော ဈေးပစ္စည်း များသယ်ဆောင်ရန် မော်တော်ယာဉ် ၂ စီးဖြင့် စေတုတ္တရာ-ငဖဲ-ပဒါန်း-မင်းဘူး-မကွေး သွား ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာစဉ် အေပြီ ၃ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စေတုတ္တရာမြို့၏ အရှေ့တောင်ဘက် မီတာ ၁၆၀၀၀ ခန့်အကွာ အောက်ဝေါကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ယာဉ်များပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၇ ဦး ပြင်းထန်းသော ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ သေဆုံး/ဒဏ်ရာရရှိခဲ့သူများအား စေတုတ္တရာလူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် စေတုတ္တရာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ခံယူလျက်ရှိရာ ယနေ့တွင် တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြား၍ ဆရာတော်နှင့် သီလရှင်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းပြီး အရပ်သားပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူများ လွတ်လပ်စွာလှုပ်ရှား သွားလာ ခြင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလများအတွင်း အလှူအတန်းများ ပြုလုပ်ရန် ပြင်ဆင်နေခြင်း များအပေါ် လက်ခံနိုင်ခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ခရီးသွားမော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ယခုကဲ့သို့ ဆရာတော်များ၊ သီလရှင်များနှင့် . အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး/ဒဏ်ရာရရှိခဲ့မှုများနှင့် ပတ်သက်၍ ဒါယကာ၊ ဒါယိကာမများ၊ မိသားစုများ၊ ဒေသခံပြည်သူများအနေဖြင့် ဝမ်းနည်းစိတ်မကောင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား ဝိုင်းဝန်းကန့်ကွက် ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)