မန္တလေး၊ ဧပြီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို စစ်ကိုင်းမြို့ရှိ အသင်္ခရာ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်လည်းကောင်း၊ မန္တလေးမြို့ရှိခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး၌လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ်ထိခိုက်မှုများကြောင့် ပျက်စီး မှုများအပေါ် ပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၅၀ ကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၆၀ ကိုပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးကလည်းကောင်းလက်ခံရယူသည်။
ရပ်မိရပ်ဖများက ယခုကဲ့သို့ ငလျင် ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ပြီးချိန်တွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မိမိတို့ ဒေသများသို့ နှစ်ကြိမ်တိုင်တိုင်လာရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာရောက်ဝိုင်းဝန်းဆောင်ရွက်ပေးမှုအပေါ် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ရေး မမျှော်လင့်သော ရန်ပုံငွေများပေးအပ်မှု အတွက်လည်း ရပ်မိရပ်ဖများအနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး စာသင်ကျောင်းများ ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်မှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ဖယ်ရှားရှင်းလင်းရန်အတွက် စက်ပစ္စည်း ကိရိယာများထပ်မံလိုအပ်မှု အခြေအနေများကို အသီးသီးပြောကြားကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိပျက်စီးသွားသည့်အဆောက်အဦများ ရှင်းလင်းရေးနှင့် ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့် သွပ်များကိုလည်း နိုင်ငံတော်မှ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များ အတွက်လည်း အမျိုးအစားများအလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသကဲ့သို့ မိမိတို့ ကိုယ်တိုင်မှ လည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နေရာချထားမှု Town Plan များစနစ်တကျ ပြန်လည်ရေးဆွဲပြီး မြို့၏ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် လည်းကောင်းစေချင်သည့်စိတ်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မြို့တည်ဆောက် ရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီသည့် လမ်းများ၊ မြို့ကွက်များဖြစ်ရန်လိုကြောင်း။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်မိမိတို့နိုင်ငံ၌ အမြင့်ဆုံးလှုပ်ခတ်ခဲ့သည့် ရက်ချ်စတာစကေး ၈ အဆင့်ထိခံနိုင်သည့် အဆောက်အဦ၊ လမ်းတံတားများဖြစ်အောင် တည်ဆောက်သွားကြရန်လိုကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် အင်ဂျင်နီယာရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီ တည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့လက်ထက်တွင် စနစ်တကျတည်ဆောက်မှုများသည် မိမိတို့၏ နောင်လာ နောက်သား မျိုးဆက်များအတွက်ပင်ဖြစ်သဖြင့် ရေရှည်ကိုကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်မှာ ရှောင်လွှဲ၍မရကြောင်း၊ ယခုကဲ့သို့ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦများအား ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပျက်စီးသွာသည့်အဟောင်းများနေရာတွင် အသစ်များဖြင့် အစားထိုးတည်ဆောက်နိုင်ရုံသာမက ယခင်ထက်ပိုမိုသာလွန်ကောင်းမွန်စွာ တည်ဆောက်သွားမည်ဟူသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment