နေပြည်တော်၊ ဧပြီ ၄
၂၈.၃.၂၀၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၅၁)မိနစ်၊ (၀၂)စက္ကန့်အချိန်၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀)ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၀၉)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၂၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၇)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်များကြောင့် မြန်မာနိုင်ငံရှိ နေပြည်တော်အပါအဝင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့များလည်း ငလျင်ဒဏ်သင့်ခံခဲ့ရပါသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ၂၈.၃.၂၀၂၅ ရက်နေ့၊ ( ၁၂ ၅၂ )အချိန်တွင် နေပြည်တော်ရှိ မီးသတ်ဦးစီးဌာန(နေပြည်တော်)ရုံးချုပ်နှင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး အဆောက်အအုံပေါ်ရှိ (၅)ထပ် မီးသတ်မျှော်စင်ပြိုကျပျက်စီးခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် (၁)ဦးသေဆုံးခဲ့ပါသည်။
ပြိုကျပျက်စီးခဲ့သော မီးသတ်ဦးစီးဌာန(နေပြည်တော်)ရုံးချုပ်နှင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး အဆောက်အအုံပေါ်ရှိ ( ၅ )ထပ် မီးသတ်မျှော်စင်နှင့် မီးသတ်ရုံးကြီးအား ၅.၄.၂၀၂၅ ရက်နေ့တွင် အန္တရာယ်ရှိ အဆောက်အဦအပေါ်ပိုင်း အစိတ်အပိုင်းများအား ဖြိုချဖျက်စီး ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့မှ Structure Engineer များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အင်ဂျင်နီယာမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ Structure Assessment လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment