အမေရိကန်က ထိုင်နိုင်ငံအပေါ် သွင်းကုန် ၃၆% စည်းကြပ်တာကို စိတ်မပူဖို့ ဝန်ကြီးချုပ်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်က ထိုင်နိုင်ငံအပေါ် သွင်းကုန် ၃၆% စည်းကြပ်တာကို စိတ်မပူဖို့ ဝန်ကြီးချုပ်ပြော


ဧပြီ - ၄ ( သောကြာနေ့ ) 

ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝတ်ထရာ က အမေရိကန်သည် ထိုင်းသွင်းကုန်များအပေါ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်ကို စိုးရိမ်နေစရာ မလိုကြောင်း အာမခံထားပြီး ယင်းပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်ပေးနေပြီလို့ ပြောပါတယ်။ သွင်းကုန်ခွန်များ ပြန်လည်ဖွဲ့စည်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ ဖွဲ့ထားကြောင်း နဲ့ ထိုင်းနိုင်ငံ၏ GDP ကို ထိခိုက်မည်မဟုတ်ကြောင်း သူမက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

အာဆီယံတွင် အမြင့်ဆုံးနှုန်းထားများထဲမှ တစ်ခုဖြစ်သည့် ထိုင်းထုတ်ကုန်များအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံသည် ၎င်း၏ သွင်းကုန်ခွန်ဖွဲ့စည်းပုံအား အမေရိကန်နှင့် ညှိုနှိုင်းရန် လိုအပ်ပြီး ညှိနှိုင်းရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခု ထူထောင်ရန် လိုအပ်ကြောင်း ရှင်းပြခဲ့ပါတယ်။ 

ထိုင်းနိုင်ငံသည် အမေရိကန် သွင်းကုန်များအပေါ် အခွန် ၇၂ ရာခိုင်နှုန်း စည်းကြပ်ထားကြောင်း၊ ထိုင်းနိုင်ငံရဲ့ ပျမ်းမျှအကောက်ခွန်က ၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အမေရိကန်တွေရဲ့ တွက်နည်း နဲ့ မတူကြောင်း၊ ထိုင်းနိုင်ငံသည် ယခင်က အသုံးမပြုခဲ့သော အကောက်ခွန်တွက်ချက်မှုများကို သုံးနေပြီဖြစ်ကြောင်း ဆိုသွားပါတယ်။ 

အစိုးရ၏ ကုန်သွယ်မှုမဟာဗျူဟာသည် ကောင်းမွန်စွာ ဖွဲ့စည်းထားသော်လည်း ကိန်းဂဏန်းအသစ်များအပေါ်တွင် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း သူမက အလေးပေးပြောကြားခဲ့ပါတယ်။ သွင်းကုန်နှင့် ပို့ကုန်အားလုံးကို ကြီးကြပ်သည့် အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒအကြံပေးအရာရှိချုပ် ဖန်ဆက်ဗင်ယာယက် မှ ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်နေသဖြင့် အစီအမံအသစ်များကို မကြာမီ ထုတ်ပြန်မည်ဟု မျှော်လင့်ရပါတယ်။


REF: The Nation

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)