ထားဝယ်၊ ဧပြီ ၂
အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ပြည်သူများအား လှူဒါန်းနိုင်ရန်အတွက် အလှူငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲ က ထားဝယ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီ ဦးမြတ်ကို က မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် မန္တလေးတိုင်းဒေသကြီးတွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့ ကြောင်း၊ ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ငလျင်ဘေးအန္တရာယ်မခံစား ခဲ့ရသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပြင်းထန်စွာ ငလျင်ဒဏ်ခံခဲ့ရပြီး အရေးပေါ် အခြေအနေဖြင့်ကြေညာခဲ့ရကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကယ်ဆယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေသည်များရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်ပျက်စီးဆုံးရှုံးသွားသော နေရာဒေသများနှင့်ပတ်သက်ပြီးစုံစမ်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊ အလားတူပင် နိုင်ငံတကာမှ လာရောက်ပြီး ကူညီကယ်ဆယ်နေသည်များရှိကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်း သားပေါင်းစုံ နှင့် စေတနာရှင်၊ အလှူရှင်များက လှူဒါန်းထားမှုများရှိပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်ကျေးဇူးတင်ရှိကြောင်း၊ မြေငလျင်လှုပ်ရှားမှုကြောင့် ဘုရားကျောင်းကန်၊ သာသနာနိကအဆောက်အဦများ၊ အစိုးရအဆောက်အဦများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ ပျက်စီးဆုံးရှုံးသလိုလူအသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ပျောက်ဆုံးနေသူများရှိကြောင်း၊ ငလျင်လှုပ်ခတ် ပြီး ချိန်တွင် ၂၈ ရက်နေ့မှ ၃၁ ရက်နေအထိ နောက်ဆုံးတွဲငလျင် လှုပ်ခတ်မှုများ ၄၇ ကြိမ်လှုပ်ခတ်ခဲ့ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးက ကူညီထောက်ပံ့လှူဒါန်းမှုများသည် ဘေးဒဏ် ခံစားနေရသူများအတွက် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး အတွင်း နိုင်ငံတော် အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူခြင်း၊ တစ်မိနစ်ငြိမ်သက် ၍ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာ နေသူများက တစ်မိနစ် ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ ဥဩဆွဲ ဂါရဝပြုခြင်းနှင့်သက်ဆိုင်ရာ ကိုးကွယ်ရာ ဘာသာအလိုက်ဘုရားစေတီများ၊ဘုရားကျောင်းများ၊ဝတ်ပြုနေရာများတွင်ဆုတောင်းမေတ္တာပို့သကြ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူ ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများက မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ဝ၂ စက္ကန့်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစား လျက် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုကြသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာရုံးများ၊ ကုမ္ပဏီနှင့်လုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များ ကလှူဒါန်းသောအလှူငွေကျပ်( ၉၁၂၀.၆၃၄)သိန်းအားတာဝန်ရှိသူများကပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရီပျံချီ ဦးမြတ်ကို က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။
#MyanmarEarthquake
https://t.me/MyanmarNationalPost
No comments:
Post a Comment