အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ

 

004

နေပြည်တော်၊ ဧပြီ ၁၅

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာ နိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

အိန္ဒိယနိုင်ငံမှ လှူဒါန်းသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက် အကူပစ္စည်းများ၊ ယာယီရုံးခန်းများ စုစုပေါင်းပစ္စည်းတန်ချိန် တန် ၅၀နှင့် အဆိုပါ ယာယီရုံးခန်းများတည်ဆောက်ရန် အင်ဂျင်နီယာ ကိုးဦး တို့ကို တင်ဆောင်လာသော C-17 လေယာဉ်သည် ယနေ့မွန်းလွဲ ၀၂ နာရီအချိန်တွင် နေပြည်တော်ရှိ တပ်မတော် လေဆိပ်သို့ ရောက်ရှိသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ လှူဒါန်းသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဦးတင်မိုးဝင်း နှင့်တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages