ကွန်ဂိုနိုင်ငံက အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်သားတွေကို သေဒဏ်ကနေ လျှော့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဂိုနိုင်ငံက အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်သားတွေကို သေဒဏ်ကနေ လျှော့ပေး


ဧပြီ - ၄ ( သောကြာနေ့ ) 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) သည် ပြီးခဲ့သောနှစ်က မြို့တော်တွင်ဖြစ်ပွားခဲ့သည့် မအောင်မြင် တဲ့ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသော အမေရိကန် ၃ ဦးအား သေဒဏ်မှ လျှော့ပေါ့ ပေးလိုက်ပါတယ်။ 

ကွန်ဂိုသမ္မတ ဖီလစ်တီရှီဆီကီဒီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ တီနာဆလာမာက တရားဝင်အမိန့်ကို ကိုးကားပြီး အင်္ဂါနေ့တွင် ဆုံးဖြတ်ချက်ကို ကြေငြာခဲ့ပါတယ်။ ရဝမ်ဒါ၊ ကင်ညာနှင့် ယူဂန်ဒါတို့သို့လည်း သွားရောက်ရန် စီစဉ်နေသော အမေရိကန်အကြီးတန်းအကြံပေး မာဆက်ဘူလို လာရောက်လည်ပတ်ခြင်း မတိုင်မီ အဲ့ဒိကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ 

ဘူလိုက ဒေသတွင်းတွင် အမေရိကန်ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် M23 သူပုန်များနဲ့ ကွန်ဂိုအစိုးရတို့ စစ်ပွဲ အရှိန်မြှင့်နေသည့် နိုင်ငံအရှေ့ပိုင်းတွင် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုများ တိုးတက်လာစေရေးအတွက် လေးနိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ 

သေဒဏ်ပေးခံထားရတဲ့ အမေရိကန်သား ၃ ဦးကို မေလတွင် ဖမ်းဆီးခဲ့ပြီး ကွန်ဂိုအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံထားရပါတယ် ။အဲ့ဒါအပြင် အာဏါသိမ်းမှုတွင် ဘယ်လ်ဂျီယံနိုင်ငံသား၊ ဗြိတိန်နိုင်ငံသားနှင့် ကနေဒါနိုင်ငံသား ၃ ဦးတို့ အပါအဝင် လူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 


REF: RT  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)