ဘန်ကောက်၊ ဧပြီ ၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်နေသည့် BIMSTEC ထိပ်သီး အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီတို့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မိုဒီ၏ X လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
အိန္ဒိယဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုးခဲ့ရသည့်အတွက် ဝမ်းနည်းကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းက အိန္ဒိယနိုင်ငံအနေဖြင့် ယခုလို အကြပ်အတည်းကာလတွင် ညီအကို မောင်နှမများကို ကူညီရန် တတ်နိုင်သမျှ လုပ်ဆောင်နေကြောင်းလည်း ပြောကြားသည်။
အထူးသဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ကူးလူး ဆက်ဆံရေး၊ ချိတ်ဆက်မှု၊ စွမ်းရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment