နေပြည်တော်၊ ဧပြီ ၄
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက်ထိပ်သီး အစည်းအဝေးအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ တွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မိမိနှင့် အိန္ဒိယ ပြည်သူများ အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မိမိတို့ ဂူဂျာရက်ပြည်နယ် ၌လည်း ယခင်က ထိုကဲ့သို့ ပြင်းထန်သည့်ငလျင်ကို ထိခိုက်ခံစားခဲ့ရဖူးကြောင်း၊ မြန်မာ နိုင်ငံအတွက်လိုအပ်သည့် အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက်ပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ ယခုဘင်းမ်စတက်အစည်းအဝေးတွင် မိမိအနေဖြင့် သဘာဝဘေး ဒဏ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆွေတော်နှင့် ထပ်မံတွေ့ဆုံရမှုအတွက်လည်း ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီး ဆုံး ရှုံးမှုများအပေါ် အဆွေတော်နှင့် အိန္ဒိယပြည်သူများက အကူအညီများပေးအပ်မှုများ အတွက်များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍လည်း အတွေ့အကြုံများကို မျှဝေပေးစေလိုပါကြောင်း၊ အဆွေတော်အနေဖြင့် ဘင်းမ်စတက်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမည်ဟု သိရသည့်အတွက်လည်း မိမိအနေဖြင့် ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ သာယာ ဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ နှင့် လက်နက်မှောင်ခိုမှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်း လျက်ရှိမှုနှင့် ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ်နှင့်အတူ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက် ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အိန္ဒိနိုင်ငံဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တက်ရောက် လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment