နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာ နားလည်မှုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရသဖြင့် မြေငလျင်ဘေးသင့် ပြည်သူ များအား အလှူငွေပေးအပ်ပွဲများကို ယနေ့တွင် ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ စေတနာရှင်အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူရှင်များက စုစုပေါင်းအလှူငွေကျပ်သိန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ကို လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာခန်း၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများ အတွက် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေကျပ်သိန်း သုံးထောင်ကျော် ကိုလည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူရှင်များက စုစုပေါင်းအလှူ ငွေကျပ်သိန်းပေါင်း ခုနှစ်ရာရှစ်ဆယ်ကျော် ကို လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် စေတနာရှင် အလှူရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလှူငွေကျပ်သိန်း တစ်သောင်းကျော်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူရှင်များက စုစုပေါင်းအလှူ ငွေကျပ်သိန်းပေါင်း ရှစ်ထောင်ခြောက်ရာကျော်ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်း၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများ အတွက် အလှူရှင်များက ငွေကျပ်သိန်းကိုးထောင်ကိုးရာကျော်နှင့် ထောက်ပံ့ ပစ္စည်းများကို လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမ၌ ပြုလုပ်ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် စေတနာရှင် အလှူရှင်များက ငွေကျပ်သိန်း နှစ်သောင်းခုနှစ်ထောင်ကျော်နှင့် ထောက်ပံ့ ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများက အသီးသီးလက်ခံရယူကြသည်။
ထို့နောက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည့် အလှူရှင်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြပြီး ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarEarthquake
https://t.me/MyanmarNationalPost
No comments:
Post a Comment