မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) က မြန်မာနိုင်ငံ ဌာနများစွာကို သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) က မြန်မာနိုင်ငံ ဌာနများစွာကို သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း







ရန်ကုန်၊ ဧပြီ ၁၀ 

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) သည် ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်မှ ၉ ရက်အတွင်း မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စသည့် အစိုးရဌာနများစွာအား ကူညီထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။ အဆိုပါ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) ဥက္ကဋ္ဌ လျိုမင်နှင့် အတွင်းရေးမှူးချုပ် ရွှီကျိန့်ဝေတို့ တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ် လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို CECCM မှ စတင်အဆိုပြုပြီး အဖွဲ့ဝင်လုပ်ငန်းရှင်များက တက်ကြွစွာ တုံ့ပြန်ကာ လှူဒါန်းငွေများကို အတူတကွထည့်ဝင်စုစည်း၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းကူညီထောက်ပံ့ရေးပစ္စည်းများတွင် မီးစက်၊ လေအေးပေးပန်ကာ၊ အောက်ဆီဂျင်စက်၊ ခြုံစောင်၊ ခြင်ထောင်၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့် စသည့် အရေးပေါ်ပစ္စည်းများ အပါအဝင် သဘာဝဘေးအလွန် အရေးပေါ်တုံ့ပြန်ရာတွင် လိုအပ်သော အခြေခံ လူနေမှုဘဝနှင့် ထောက်ပံ့ရေးပစ္စည်းများ ပါဝင်သည်။ လှူဒါန်းခဲ့သော သဘာဝဘေး ကယ်ဆယ်ရေး လှူဒါန်းငွေနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ် သန်း ၁၅၀ နီးပါးဖြစ်ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)