ငလျင်ဒဏ်သင့် ဒေသများသို့ ဧရာဝတီဖောင်ဒေးရှင်း၏ မေတ္တာဖြင့်မျှဝေခြင်း Donation Box များ လိုက်လံလှူဒါန်းပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ငလျင်ဒဏ်သင့် ဒေသများသို့ ဧရာဝတီဖောင်ဒေးရှင်း၏ မေတ္တာဖြင့်မျှဝေခြင်း Donation Box များ လိုက်လံလှူဒါန်းပေးလျက်ရှိ

090

091

092

094

095

100

101

102

မန္တလေး၊ ဧပြီ ၁၂

ဧရာဝတီဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ပလိပ်၊ စဉ့်ကိုင်၊ တံတားဦး အစရှိသော ဒေသတို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်အဖြစ် ပစ္စည်းအစုံအလင်ပါ (Donation Box) များကို လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Donation Box များတွင် ဆန်၊ ဆီ၊ Alpine သောက်ရေသန့်၊ ငါးသေတ္တာ၊ လက်ဖက်အကြော်၊ ကုလားပဲခြမ်း၊ ကြက်ဥ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ခြုံစောင်၊ ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ စတီးဇလုံ၊ ဇွန်း၊ ဒဏ်ကြေလိမ်းဆေး၊ ဓာတ်ဆားနှင့် အချို့သော ဆေးဝါးများပါဝင်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယနေ့ထိတိုင် စုစုပေါင်း Donation Box (၁၁၀၀၀)ကျော်၊ ငွေကျပ်တန်ဖိုး သိန်းပေါင်း (၁၁၀၀၀)ကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်း ၏ ထုတ်ပြန်ချက်အရ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages