နေပြည်တော်၊ ဧပြီ ၃
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယမန်နေ့က ငလျင်ဒဏ်သင့်ပြည်သူ များအတွက် ဂျပန်နိုင်ငံ JICA မှ ဆရာဝန်များ၊ သူနာပြုဆေးအဖွဲ့များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ပါဝင်သော လေယာဉ် သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။
အဆိုပါ အဖွဲ့နှင့် ကယ်ဆယ်ရေးအထောက်ကူပြုပစ္စည်းများတွင် ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ မိုးကာတဲများ၊ ဆေးရုံသုံးပစ္စည်းများ ၁၁၂၂၉.၁ kg ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းနိုင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အလှူပစ္စည်းများ လွှဲပြောင်း/လက်ခံရေး ကွပ်ကဲမှု အဖွဲ့(လေဆိပ်)တို့မှ လွဲပြာင်းရယူပြီး ငလျင်ဒဏ်သင့် ဒေသများသို့ စောလျင် စွာသွားရောက်နိုင်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
#MyanmarEartquake
https://t.me/MyanmarNationalPost
No comments:
Post a Comment