အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် KIA/ PDF အကြမ်းဖက်အဖွဲ့များအား ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၈ ရက်နေ့က ဗန်းမော်မြိုတွင်း ရှင်းလင်းရာ ရခဲ့တဲ့ KIA/PDF အကြမ်းဖက်သမား အလောင်း ၂၃ လောင်းနှင့် သေနတ် ၂၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သေဆုံး အကြမ်းဖက်သမား ရုပ်လောင်းများတွင် PDF အကြမ်းဖက်အဖွဲ့ ဘတ်တံဆိပ်ပါ ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်သမား အများဆုံး သေဆုံးရသည်ကို တွေ့မြင်ရသည်။
ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်မတော်က အပစ်အခတ် ရပ်စဲထားစဉ် KIA/ PDF အပါအဝင် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများက စဉ်ဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့် တုန့်ပြန်ခြေမှုန်း ရှင်းလင်းမှုများ ဆောင်ရွက်နေရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment