၁၉ ဧပြီ ၂၀၂၅
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် NUG အကြမ်းဖက်အဖွဲ့မှ မန်းဝင်းခိုင်သန်း တို့သည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် Teleconference မှ တဆင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း NUG အကြမ်းဖက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် အာဆီယံ ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
NUG အကြမ်းဖက်အဖွဲ့သည် လက်နက်ကိုင်သောင်းကျန်းသူများနှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း (၁၀၀၀၀)ကျော်ကို ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment