ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူး ပြည်သူများ ၄၈ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူး ပြည်သူများ ၄၈ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးထား


နေပြည်တော်၊ ဧပြီ ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရား ဖူးရန် လာရောက်သည့် ပြည်သူများအား ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDFအမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၅ ရက် မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဒေသခံပြည်သူ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၄၈ ဦးတို့သည် ကင်မွန်းချောင်း ကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDFအမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်ကိုယ်စီဖြင့် ခြေလျင်ရောက်ရှိလာပြီး ဘုရားဖူးလာသည့် ခရီးသည်များအား Light Truck ၂ စီးပေါ်သို့ အတင်းအဓမ္မ တင်ဆောင်၍ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ ခရီးသည် ၄၈ဦး အနက် ၄၃ဦးတို့အား ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် တွင် ဝင်းကံကျေးရွာ မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသား ၅ ဦးတို့အား သီးခြားခွဲထုတ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

CRPH ၊ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူ လူထုအပေါ် အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအား မကြာခဏ ပြုလုပ်လျက်ရှိပြီး ပြည်သူလူထု၏ ဘာသာရေးဓလေ့ထုံးတမ်းများ ပြုလုပ်နေမှုကို နှောင့်ယှက်ခြင်း၊ အများပြည်သူအနေဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန် ကျင်းပနေမှုများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှု ပြုလုပ်နေကြသည်များကို မလိုလား၍ ယခုကဲ့သို့ ဘုရားဖူးလာရောက်သည့် ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူများအား အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် အတူပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)