အုတ်ဖို၊ ဧပြီ ၂၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာနေ ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးသည် ငရှဉ့်ရိုးရွာ အလှူ၌ ရောက်ရှိနေကြောင်း သတင်းအရ ယမန်နေ့က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ PDF များက ငါးရှဉ့်ရိုးရွာလယ် အလှူမဏ္ဍပ်အနီး သေနတ်ဖြင့် ဦးခေါင်းတည့်တည့် အနီးကပ် ၁ ချက် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း အကြမ်းဖက်သမားများက သတင်းထုတ်ပြန်ထားသည်။
PDF အကြမ်းဖက်သမားများ၏ ထုတ်ပြန်ချက်တွင် အုပ်ချုပ်ရေးမှူးထံမှ လက်ပစ်ဗုံး ၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀၀၀၀ကျပ်နှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။
NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအနေဖြင့် အုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။ အလှူမင်္ဂလာပွဲမရှောင် လက်နက်ကိုင်ပြီး ပြည်သူကို ခြိမ်းခြောက်နေသည့် PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာ အောက်တန်းကျသော လုပ်ရပ်များအပေါ် ပြည်သူများက ဆက်စုပ်ရွံရှာလာကြသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment