တောင်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး RC(၃)ထပ် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး RC(၃)ထပ် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ




တောင်ကြီး  ဧပြီ  ၂၄


ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်၊ မြို့ပြ၊ နယ်စပ်မကျန်အောင် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး RC(၃)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။


RC(၃)ထပ်အဆောက်အဦသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမှတ်တမ်းကြေးပြားအား အမွှေးနံသာရည်ပျက်ဖြန်းပေးကြပြီး အခမ်းအနားဒုတိယပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရန်အတွက် အရေးကြီးပါကြောင်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရန်အတွက် ဝန်ထမ်းအင်အားပြည့်စုံရန်၊ ဝန်ထမ်းများ အရည်အသွေးပြည့်မီရန်၊ ကျန်းမာရေးဌာနအဆောက်အဦများ စံကိုက်ဖြစ်စေရန်၊ အခြေခံဆေးနှင့်ဆေးပစ္စည်းများ လုံလောက်စွာရှိရန် အရေးကြီးပါကြောင်း၊ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အဦကို ကျန်းမာရေးဝန်ကြီးဌာန၏ နိုင်ငံတော်ဘတ်ဂျက်ဖြင့် အဆောက်အဦအထူးအဖွဲ့(၁၁)မှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အပြီးဆောက်လုပ်ခဲ့ပြီး တောင်ကြီးမြို့နယ်ရုံးကို သုံးထပ်ဆောက်လုပ်ထားသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေချောမွေ့မှာဖြစ်ကြောင်း၊ အဆောက်အဦကို ပျက်စီးမှုမရှိအောင်လည်း ဝန်ထမ်းများမှ ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားသည်။


၎င်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က တောင်ကြီးမြို့နယ် ရုံးဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်နှင့်ပက်သက်သော စာရွက်စာတမ်းများအား အဆောက်အဦအထူးအဖွဲ့(၁၁)မှ တာဝန်ရှိသူတစ်ဦးမှ လွဲပြောင်းပေးအပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်က လက်ခံရယူကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)