အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၅ ဦးကို ပြည်နှင်လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၅ ဦးကို ပြည်နှင်လွှဲပြောင်းပေးအပ်


နေပြည်တော်၊ ဧပြီ ၂၈

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက် သူများအားလုံးကိုပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် ၊ မြဝတီမြို့-မင်းလက်ပံ၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန် ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၅ ဦးကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်း များနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၃ ဦးကို ထပ်မံစစ် ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။

ဦးစွာကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယနေ့နံနက်ပိုင်း တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့် ကိုယ်ရေးအချက်အလက် အထောက်အထားများနှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန် ကိုက်ညီမှုရှိရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ ယူဂန္ဓာသမ္မတနိုင်ငံ : Ambassador H.E Ms. Betty O. Bigombe နှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ ဇင်ဘာဘွေသမ္မတနိုင်ငံသံရုံးမှ Minister Counsellor Ms. Tsitsi Kangai Kasirowori နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက် ໖: First Secretary Ms. Nguyen Thi Kim Chung ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး First Secretary Mr. Fahd Saleem နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။

အလားတူ မြဝတီမြို့ မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် အင်ဒိုနီးရှားနိုင်ငံသား သုံး ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၄၃ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၇၅၆၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၇၅ ဦးကိုသက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့် ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်မှ ယနေ့အထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၉၀၄၃ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်းဥဇဘက်ကစ္စတန်၊နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ်စကား၊ ရိုမေးနီးယား၊ လိုက်ဘေးရီးယား၊ ရုရှား၊ ဖိလစ်ပိုင်၊ ဇင်ဘာဘွေ၊ မာလဝီ၊ ဆီယာရာ လီယွန်၊ ဘူရွန်ဒီနှင့် တရုတ် (တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး ထပ်မံ၍ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေး ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)