တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ထားသော်လည်း TNLA အကြမ်းအဖက်အဖွဲ့ က အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ထားသော်လည်း TNLA အကြမ်းအဖက်အဖွဲ့ က အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်

069

သပိတ်ကျင်း၊ ဧပြီ ၄

သပိတ်ကျင်းဒေသအတွင်းရှိ တပ်မတော်စခန်း ၁ ခုအား ဧပြီ ၄ ရက် (ယနေ့) မနက်ပိုင်းက TNLA အကြမ်းဖက် အဖွဲ့က အပစ်ရပ်ပေးထားသည်ကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရသည်။ 

ဖြစ်စဉ်တွင် တပ်မတော်သားများ ထိခိုက်မှုမရှိဘဲ TNLA အကြမ်းဖက်သမား ၃ လောင်း၊ Type-81 သေနတ် ၃ လက်၊ လုပ်စိန်ပြောင်း ၃ လက်၊ ကျည်အိမ် ၇ ခု၊ ကျည် ၂၀၀ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၇ လုံး၊ အီနာဂါ ၂ လုံး၊ တိုက်မိုင်းခလုပ် ၄ ခု၊ လည်စီး ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်  ထုတ်ပြန်ထားသည်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages